***********************************************

www.zawnaing.blogspot.com

ကျွန်တော့်ရဲ့ Blog မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်

Wednesday, November 14, 2007

ဖွင့်ပြောမှသိမှာလား။လွင့်မျောခဲ့တာ ကိုယ်ပါကွယ်....
မင်းရှေ့ကိုရောက် လာတဲ့သစ်ရွက်ခြောက်လေးပါ.....
ဖွဖွလေးကောက်ပြီး ရေကြည်တစ်ပေါက်လောက်...တိုက်လှည့်ပါ။
ဖွင့်ပြောမှ သိမှာလား...
လောင်ကျွှမ်းခဲ့တာ ကိုယ်ပါကွယ်.....
မင်းရှေ့ကို ရောက်လာတဲ့မီးတောင်အောက်က..
ပြာမူန်လေး တစ်မူန်ပါ...
ဖွဖွလေး ကောက်ပြီး..လေပြေအေးနဲ့..နွေးထွေးပါ။
မင်း
ကောက်ယူလိုက်တာနဲ့ ...
နှစ်ယောက်အတူ အေးမြပါရစေ.....။ ။

Thursday, August 30, 2007

ငွေဆိုသည်မှာ..

ကျွှန်တော် အရမ်းကြိုက်လို့ဒီအကြောင်းလေးကိုတင်ပြလိုက်ပါတယ်...

ငွေပေးလျှင် ဘာမဆိုရသည်ဟု လူတွေပြောတတ်ကြသည်။
မဟုတ်ပါ။
ငွေဖြင့် စားစရာဝယ်၍ရနိုင်သည်။သို့သော် အရသာကို ၀ယ်၍မရပါ။ငွေဖြင့်ဆေးဝါးကိုဝယ်နိုင်သည်။ကျန်းမာခြင်း
ကိုဝယ်၍မရ။ဗဟုသုတအချက်အလက်ကိုဝယ်၍ရသည်။ဥာဏ်အမြော်အမြင်ကို ၀ယ်၍မရ။
အရောင်ပြိုးပြိုးပြက်ပြက်တွေ ၀ယ်၍ရသည်။လှပမှုကိုဝယ်၍မရပါ။
အပျော်အပါးကိုဝယ်၍ရသည်။ချမ်းသာသုခကိုဝယ်၍မရ။အသိအကျွှမ်းတွေ ၀ယ်၍ရသည်။မိတ်ဆွေ အစစ်အမှန်
ကိုဝယ်၍မရ။အစေအပါးတွေဝယ်၍ရသည်။သစ္စာရှိမှုကို ၀ယ်၍မရ။
အားလပ်ချိန်တွေဝယ်၍ရသည်။ငြိမ်းချမ်းမှုကို ၀ယ်၍မရ။ငွေဖြင့်သင်သည် အလုံးစုံသောအရာတို့`၏ အခွံ
အကာများကို ၀ယ်၍ရနိုင်သည်။အတွင်းအနှစ်သာရကိုကား မရရှိနိုင်။


MONEY
It is said that for money you can have enerything,but you cannot.You can buy food,but not
appetite;medicine,but not health;knowledge,but not wisdom;glitter,but not beauty; fun, but not joy;
acquaintances,but not friends;servants,but not faithfulness;leisure,but not peace.You can have the
husk of everthing for money,but not the kernel.

Wednesday, August 29, 2007

သတိရလို့ရေးတဲ့....စာ

ဘ၀တလျှောက်လုံးကို
အချိန်ဇယားဆွဲသလို..ဆွဲပြီး၊
(တိတိကျကျ)
လိုက်နာလုပ်ဆောင်နိုင်ခဲ့သူ..
ရှိရင်ပြောပါ..

လောကဓံနဲ့တိုက်တဲ့..တိုက်ပွဲမှာ
သူရဲ့စစ်သတင်းကို
(ကြိုတင်မသိရလို့)၊
ဘ၀ရဲ့မနက်ခင်းတိုင်း..
သက်ပြင်းမောနဲ့ တံတိုင်းခတ်ပြီး
ဇာတ်ဆရာအလိုကျ
က,ပြခဲ့ရသူချည်းပါပဲ။

မိုးမရွာမှန်း သိလျက်နဲ့
မိုးခိုပြခဲ့ရတာတွေ...
နှင်းမကျမှန်း သိလျက်နဲ့
(ခိုက်ခိုက်တုန်အောင်)
ချမ်းပြခဲ့ရတာတွေ..
နွေမဟုတ်မှန်း သိလျက်နဲ့
ဥသြငှက်လို
တွန်သံချိုခဲ့ရတာတွေ..
ဒါတွေဟာ..
အိပ်မက်တွေ မဟုတ်ဘူး..။

ကြာတော့...
ထုံပေပေအရုပ်တစ်ရုပ်လို၊
ဘယ်ဟာ...မဲ့ပြုံး
ဘယ်ဟာ...ရွဲ့ပြု့း
ဘယ်ဟာ...ခနဲပြုံးမှန်း မသိဘဲ
ပြုံးဖြဲဖြဲနေခဲ့သမျှ၊
ဝေခွဲမရတဲ့ နေ့ရက်တွေကို
ပွေ့ဖက်ပိုက်ထွေးရင်း...
မနက်ခင်းတွေကို
(ရင်လေးစွာ)
ရင်ဆိုင်ခဲ့ရတာပါပဲ..

အားနည်းသူအချင်းချင်း
အားခဲပြီး
အားပေးရမယ်ဆိုရင်...၊
ငိုချင်ရင်..ငိုလိုက်ပါ
ဘ၀ တစ်ခုလုံး
မျက်ရည်တွေ မဖုံးစေနဲ့။

ရယ်ချင်ရင်ရယ် လိုက်ပါ
ဘ၀ကို စိတ်နာပြီး
ဟားတိုက်သလို မဖြစ်စေနဲ့။

အောင်ချင်ရင် အော်လိုက်ပါ
မျှော်လင့်ခြင်းတွေ ပျောက်ဆုံးတဲ့
နောက်ဆုံးအော်သံမဖြစ်စေနဲ့။

"အချစ်ရေ"...လို့
တမ်းတ,လိုက်တိုင်း၊
ဘ၀မှာ...
လှိုင်းထန်,
မိုးပြို,
ငလျင်လှုပ်သလို,
ရင်ရှုပ်စရာတွေမဖြစ်စေနဲ့။

ပြည်ဖုံးကား မချမချင်း
လောကဓံရဲ့ ခံတွင်းမှာ၊
နှင်းခဲ...
မိုးပေါက်...
သစ်ရွက်ခြောက်တွေ....,
ကျောက်သံပတမြား
မာယာခါးခါးနဲ့...
မရဏဓားသွားတွေ...,
ဆုလာဘ်,
အိပ်မက်,
ကြိမ်ဒဏ်ရိုက်ချက်တွေ,
ရှိနေတယ်ဆိုတာ
သိထားပြီးရင်၊
သတိထားပြီးတော့..
ရင်ဆိုင်ရုံပဲပေါ့..။

ကြိုက်တဲ့နည်းနဲ့
ရင်ဆိုင်ပါ။
တစ်ဦးတစ်ယောက်ကို
ပြိုင်ဆိုင်သလိုတော့ မဖြစ်နဲ့။
ချစ်ခြင်း....,
အကြင်နာ...,
ဘာသာတရားရဲ့ အလိုကျ
နေထိုင်ရင်း၊
ကြာကြာဝါးမယ့်....သွား
အရိုးများများ စားပေးပါ။
(ရိုးရိုးသားသား
ကြိုးစားခြင်းကို
ဆိုလိုတာပါ)။

ခြေလက်..ကိုက်,ခဲ
ဦးခေါင်း..ရှုပ်ထွေး
အတွေး..ဟောက်ပက်
ယွင်း...ပျက်၊အားအင်
ဝေဒနာအပြည့်၊
ခြေရာတွေ့မှ၊ငွေ့ငွေ့သက်သာ
ဖြေဆည်ရာဖြစ်,
လောကမြစ်ထဲ၊ရွက်လွင့်ရဲမယ်။

ဘာမှန်းမသိတဲ့
"ဘ၀"ရဲ့ဖြစ်စဉ်.........
သတိနဲ့ကြည့်မြင်လိုက်တဲ့အခါ၊
အရာရာ...အနိစ
စိတ်မချစရာတွေချည်းပါပဲ။

အတိတ်က အရာများ
အနိစပါတကား...လို့
တွေးထားဖြစ်ရင်တောင်၊
လက်ရှိကာလ၊တဒင်္ဂမှာ...

ရင်ဝတွင်...စူး
ဦးခေါင်းမှာ..မိုက်
အသည်း..လှိုက်ဖို
မျက်ရည်စိုစရာ
ရှိနေပါသလား...။

ရိုနေရင်....ရှင်း
သိနေရင်..မြင်
မြင်နေရင်..တွေး၊
"တဒင်္ဂ"...ဆိုတဲ့ ခဏလေးကို
ရေဆေးသန့်စင်
စွမ်းအင်မြင့်မား
ဝံ့ကြွားစွာ နေထိုင်တတ်ပါစေ။

လောက,လူရွာမှာ
အားကိုးစရာဆရာ...မရို
အားပေးဖော်၊ရဲဘော်.....မရှိရင်၊
ကိုယ့်ရဲ့..အသိ
ကိုယ့်ရဲ့...သတိ,
ကိုယ့်ရဲ့....အတိတ်
ကိုယ်ရဲ့...စိတ်ဟာ,
စိတ်ချစရာ....ဆရာကောင်း
အားကိုးစရာ
ရဲဘော်ဟောင်းတွေပါပဲ....။

မင်း..ပြောဖူးပါတယ်။
"လမ်းလျှောက်တတ်စ,...အရွယ်
ငယ်ငယ်တုန်းက ချော်လဲရင်
မေမေ ထူပေးတယ်"...တဲ့။

အခု......,
ကိုယ်ချော်လဲရင်၊
ကိုယ့်ဘာသာ ထူထ,ရမယ့်အရွယ်
ဘယ်သူ ထူပေးမှာလဲကွယ်။
"မိဘဆွေမျိုး
အားကိုးနေသလိုလို။
သူငယ်ချင်း အပေါင်းအသင်း
အားကိုးနေသလိုလို။
ကိုယ်,ကတော့၊ဘာမှ မလုပ်ချင်
ထာဝရ အဟုတ်ပင်
ပျင်းရိနေတာ၊အပို...
ကိုယှ်ုကိုယ်ကို၊အားကိုးကြပါ။
သူတစ်ပါးကို ယုံစားနေဖို့မလိုပါ...

ဘ၀..ဆိုတဲ့
မြစ်ပြင်ကျယ်မှာ...
ရေစုန်ပဲ..မျှောမျှော
ရေဆန်ပဲ..လှော်လှော်၊
ကိုယ့်"တက်"နဲ့...ကိုယ်
ကိုယ့်"လက်"နဲ့ကိုယ်၊
ကိုယ့်အတွက်
ကိုယ်လှော်ပြီး...
လှေလှော်ရင်း သီချင်းဆို၊
ကမ်းစပ်တစ်ခုဆီကို
လှော်ခတ်နေသူချည်းပါပဲ။

ကိုယ်ကြိုက်တဲ့လမ်း
ကိုယ်မျှော်မှန်းပြီး
ကမ်းကပ်တဲ့အခါ...၊
အကြမ်းဇာတ်နဲ့၊က,ခဲ့ရရင်ပဲဖြစ်ဖြစ်
အလွမ်းဇာတ်နဲ့၊ကြုံခဲ့ရရင်ပဲဖြစ်ဖြစ်၊
(တို့အားလုံးဟာ)
ဘ၀ဇာတ်ခုံပေါ်က
ဘ၀ဇာတ်ဆရာအလိုကျ
က,ပြနေရတဲ့၊
"ဘ၀ ဇာတ်ကောင်တွေပါလား"...လို့၊
တဖြည်းဖြည်း,
တွေးပြီး....၊
ရေးရေးလေးမျှ
ပြုံးပြစမ်းပါ....၊ ၊

ကျွှန်တော့်မိတ်ဆွေများသို့..

ကျွှန်တော် ဘလော့ခ် ကိုဝင်ရောက်လာလည်သူများကို ကျွှန်တော်အထူးပဲကျေးဇူးတင်ပါတယ်..
ကျွှန်တော်ကငယ်ငယ်ကတည်းကကဗျာတွေဝါသနာပါခဲ့တာမို့ ကဗျာတွေများနေတာကို သီးခံပါ..
ကိုယ်တိုင်ခံစားဘူးလားတော့ကျွှန်တော်လည်း မသိခဲ့ပါဘူး...ကြိုက်တော့လည်းစာရေးဆရာကြီးမောင်လှမျိုး(ချင်းချောင်းခြံ)ရဲ့ကဗျာတွေကို ပိုကြိုက်သလိုပဲ..လူတိုင်းမှာခံစားချက်တစ်မျိုးစီပါပဲ..လူတိုင်းကိုယ့်မှာရိုတဲ့ခံစား
ချက်တွေကို အကောင်ထည်ပေါ်အောင်ဖော်နိုင်ကြပါစေဗျာ..

ချစ်သူအတွက်

ချစ်သူရေ ခွဲရဖို့အရေး..
တွေးကြောက်မိ ပေမယ့်..
မတတ်နိုင်တဲ့ အဆုံးတော့..
လွမ်းတဲ့ စိတ်ကိုကြိတ်မှိတ်လို့..
တစ်ချိန်မှာဆုံဆည်းဖို့အရေး..
ခဏတော့ ခွဲရအုံးမယ်..
တစ်ချိန်မှာ တို့နှစ်ယာက်
ပြန်တွေ့တဲ့ အချိန်ကြရင်..
ရှိရင်းစွဲအ ချစ်တွေကိုပိုတိုး လို့ချစ်ကြရအောင်နော်..
ခွဲရတဲ့အချိန်အတွင်း လွမ်းခဲ့ရတဲ့ အလွမ်းတွေကို..
တို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့ ပြန်ချေပကြမယ်နော်...

Tuesday, August 28, 2007

ပုထုဇဉ်

ဖုတ်ဖက်ခါချလိုက်ရုံနဲ့..
လုပ်သမျှ အမှားတွေ..
ကွာကျလျှင် အကောင်းသား။

ရေချိုးသန့်စင်လိုက်ရုံနဲ့
ပြုသမျှ အမိုက်တွေ..
သန့်ရှင်းသွားလျှင်အကောင်းသား။

အိပ်စက်လိုက်ရုံနဲ့
(တစ်နေ့တာ အကြား)
ဒိဌိအမှားတွေ..
ကွယ်ပျောက်သွား လျှင်အကောင်းသား၊

အခုတော့..
ဘယ်ကို..သွားသွား၊ဘယ်နား...နေနေ
ပေတေသမျှ၊သတိရစွာ
အခါခါတွေး၊ဖယ်မပေးဘူး။

ဘယ်ဝေး..သို့
ပြေးရပါ့၊ ၊

အဖြူရောင်လမ်းခွဲ

အနိုင်မယူချင်ဘူး..
အရှုံးပေးခဲ့တာလည်း
ကြာပြီ....
အမုန်းတစ်ခွက်နဲ့
အဆိပ်သင့်ခဲ့ရသူပါ။
စိတ်ကို ဖြိုလှဲပြီးမှ
ဘ၀ကို ထူထ,ဖို့၊
ကူ...မ,ပေးတာ
ကျေးဇူးတင်စရာ ကောင်းပါ့မလား။
အလံဖြူပြလို့
ဝမ်းပမ်းတသာ ရုန်းထချင်တာတောင်မှ
ရင်ခွင်မှာ...
အင်အားမရှိတော့ဘူး။
နောက်ထပ်တစ်ဖန်
နောင်တ,ရမှာ..
ကြောက်တယ်၊ ၊